ဆောင်းဦးလယ်လမုန့်ပွဲတော်နှင့် လက်ဖက်ယဉ်ကျေးမှုပြပွဲ
“လက်ဖက်ဆွေသဟာ တရုတ်-မြန်မာ၊ လဝန်းထိန်သာ ကမ္ဘာတစ်ဝန်းမှာ” ဆောင်းဦးလယ်လမုန့်ပွဲတော်နှင့် လက်ဖက်ယဉ်ကျေးမှုပြပွဲကို ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ လှိုင်မြို့နယ်ရှိ လှိုင်မင်္ဂလာခန်းမ၌ ကျင်းပခဲ့သည်။ ဤပွဲတော်သည် တရုတ်နှင့် မြန်မာတို့၏ ရိုးရာလက်ဖက်ယဉ်ကျေးမှုများ၊ အနုပညာလက်ရာများ၊ အစားအသောက်နှင့် လယ်ယာထွက်ကုန်များကို မျှဝေဖလှယ်ရန် ရည်ရွယ်သည်။